
အီရန်ကနေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ကို နေတိုးလေကြောင်း ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ တူရကီအစိုးရက မတ် ၄ ရက်မှာ ပြောပါတယ်။
အဲဒီနောက် နာရီပိုင်းအကြာမှာ ဒီလိုဖြစ်ရပ် ထပ်မဖြစ်အောင် တူရကီက လိုအပ်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂန်က ပြောပါတယ်။
တူရကီအစိုးရဟာ နေတိုးမဟာမိတ်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
နေတိုးလေကြောင်းကာကွယ်ရေးဒုံးကျည်ရဲ့ အပျက်အစီးတွေ တူရကီမြေပေါ် ကျခဲ့တယ်လို့ ဝန်ကြီးဌာနက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဗီဒီယိုထဲမှာ တူရကီတောင်ပိုင်း ဟာတေးပြည်နယ်က လူနေရပ်ကွက်တခုမှာရှိတဲ့ ရေကန်တခုကနေ အပျက်အစီးတွေ ပြန်ဆယ်နေပုံတွေကို ပြသထားပါတယ်။
အီရန်ကနေ ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ပတ်သက်ပြီး ကန့်ကွက်မှုနဲ့ စိုးရိမ်မှုတွေကို ဖော်ပြဖို့ တူရကီက မတ် ၄ ရက်မှာ မြို့တော်အန်ကာရာမှာရှိတဲ့ အီရန်သံအမတ်ကြီးကို တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနဆီ ဆင့်ခေါ်ခဲ့တယ်လို့လည်း တူရကီသံတမန်သတင်းရင်းမြစ်တခုက ပြောပါတယ်။
Source: Reuters


