
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ တပ်တွေက အီရန်ရဲ့ ဒုတိယမြောက် ပဲ့ထိန်းဒုံးကျည်ကို ပစ်ချပြီးတဲ့နောက် တူရကီက အီရန်ကို သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ တူရကီသမ္မတ တေယစ် အာဒိုဂန်က မတ် ၉ ရက်မှာ ပြောလိုက်ပါတယ်။
အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ အာဒိုဂန်က အီရန်ဟာ ရန်လိုတဲ့ ခြေလှမ်းတွေကို ဆက်လှမ်းနေတယ်လို့လည်း ပြောလိုက်ပါတယ်။
တနင်္လာနေ့က ဆိုက်ပရပ်စ်မြောက်ပိုင်းမှာ F-16 ဂျက်လေယာဉ် ၆ စင်း ဖြန့်ကြက်ပြီးတဲ့နောက် တူရကီက နောက်ထပ် အစီအမံတွေ ဆက်လုပ်သွားမယ်လို့ အာဒိုဂံက ထပ်ပြောပါတယ်။
NATO ကာကွယ်ရေးတပ်ဖွဲ့တွေက အီရန်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ကြားဖြတ်တိုက်ခိုက်ပြီးတဲ့နောက် တူရကီနိုင်ငံထဲမှာ အပျက်အစီးတွေကို ထပ်တွေ့ခဲ့ပါတယ်။
အစောပိုင်းက တွေ့ထားတဲ့ အစိတ်အပိုင်းတွေကနေ ကီလိုမီတာ ရာပေါင်းများစွာအကွာမှာ အပျက်အစီးတွေကို ထပ်တွေ့ခဲ့တာပါ။
အစောပိုင်းက တူရကီကာကွယ်ရေးဝန်ကြီးဌာနက ကြားဖြတ်တိုက်ခိုက်ပြီးတဲ့နောက် ဒုံးကျည် တစိတ်တပိုင်းဟာ တူရကီနိုင်ငံ ဂါဇီယန်တက်ပြည်နယ်ထဲမှာ ကျခဲ့တယ်လို့ ပြောပါတယ်။
နောက်ထပ်အစိတ်အပိုင်းတခုကို ဒီယာဘာကာပြည်နယ်မှာ တွေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက တနင်္လာနေ့ နှောင်းပိုင်းမှာ ရိုက်တာသတင်းဌာနကို အတည်ပြု ပြောပါတယ်။
တူရကီတောင်ပိုင်းက ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း ဒုတိယအကြိမ်မြောက် ကြားဖြတ်ပစ်ချခဲ့တဲ့ အီရန်ဒုံးကျည် ဖြစ်ပါတယ်။
NATO ရဲ့ ဒုတိယအကြီးဆုံးတပ်မတော် တည်ရှိရာ အီရန်ရဲ့ အိမ်နီးချင်း တူရကီဟာ ထပ်မတိုက်ဖို့ အီရန်အစိုးရကို စနေနေ့က သတိပေးခဲ့ပေမဲ့ နောက်ထပ်ကာကွယ်မှုအတွက် အဖွဲ့ဝင်နိုင်ငံတွေဆီက တရားဝင် တောင်းဆိုချက်ကို အကြံမပြုခဲ့ပါဘူး။
အမှားတွေကို အတင်းအကျပ် မလုပ်သင့်ဘူးလို့လည်း အာဒိုဂန်က အီရန်ကို တနင်္လာနေ့မှာ ထပ်သတိပေးခဲ့ပါတယ်။
Source: Reuters


