
အမေရိကန်စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ဒေသတွင်းက တခြားပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ရာမှာ အထောက်အကူဖြစ်စေမဲ့ သတင်းအချက်အလက်တွေကို ရုရှားက အီရန်ကို ပေးအပ်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးနဲ့ ရင်းနှီးတဲ့ အရာရှိ ၂ ယောက်က ပြောပါတယ်။
သိမ်မွေ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးဖို့ အခွင့်အာဏာမရှိလို့ အရာရှိတွေက သူတို့နာမည်တွေကို မထုတ်ဖော်ခဲ့ပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့က ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေကာ အီရန်ကလည်း ပါရှန်ပင်လယ်ကွေ့က အမေရိကန်စခန်းတွေနဲ့ မဟာမိတ်တွေကို လက်စားချေ တိုက်ခိုက်နေချိန်မှာ ရုရှားက အီရန်ကို သတင်းအချက်အလက်တွေနဲ့ ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပေးနေတယ်လို့ သတိပေးခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးက ဒီအချက်တွေကို မဖော်ထုတ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် တပတ်ကြာ ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွင်း ရုရှားအစိုးရက ပါဝင်ပတ်သက်ဖို့ ကြိုးပမ်းခဲ့တဲ့ ပထမဆုံးညွှန်ပြချက်လည်း ဖြစ်လာပါတယ်။
ရုရှားနိုင်ငံဟာ အီရန်အစိုးရနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ ရှားရှားပါးပါး နိုင်ငံတွေထဲမှာ ပါပါတယ်။
ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နဲ့ ဟူသီတွေ အပါအဝင် အရှေ့အလယ်ပိုင်းက ကိုယ်စားလှယ်အဖွဲ့တွေကို ထောက်ခံမှုနဲ့ နျူကလီးယား အစီအစဉ်ကြောင့် အီရန်ဟာ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့တာပါ။
ရုရှားက ဒေသတွင်းက အမေရိကန်ပစ်မှတ်တွေအကြောင်း ထောက်လှမ်းရေး အချက်အလက်တွေကို အီရန်နဲ့ မျှဝေနေတယ်ဆိုတဲ့ စွဲချက်ကို မငြင်းခဲ့ပါဘူး။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ်က “ကျမတို့က အီရန်က စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူတို့ကို လုံးဝဖျက်ဆီးနေလို့ ဒါက ဘယ်လိုခြားနားချက်မှ မဖြစ်စေတာ ထင်ရှားတယ်” လို့ သတင်းထောက်တွေကို သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ရုရှားက အီရန်ကို အကူအညီပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အမေရိကန်က အရာအားလုံးကို ခြေရာခံနေတယ်လို့ ပြောခဲ့ပြီး တိုက်ပွဲအစီအစဉ်တွေကို ထည့်သွင်းစဉ်းစားနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်က သောကြာနေ့မှာ CBS သတင်းဌာနရဲ့ မိနစ် ၆၀ အင်တာဗျူးအစီအစဉ်မှာ ပြောပါတယ်။
Source: Reuters


