
အီရန်နိုင်ငံရဲ့ ပိုဆိုးလာတဲ့ အကျပ်အတည်းကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေက အရှေ့အလယ်ပိုင်းခေါင်းဆောင်တွေနဲ့ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတခုကို မတ် ၉ ရက်မှာ ကျင်းပ ခဲ့ပါတယ်။
အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ပဋိပက္ခတွေ မြင့်တက်လာချိန် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ အပေါ် သက်ရောက်မှုရှိခဲ့ပြီး ဥရောပနိုင်ငံတွေက အဓိကအားဖြင့် ဘေးထွက်နေသလို ဖြစ်နေခဲ့ တာပါ။
အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာက အစ္စရေးကို တိုက်ခိုက်ပြီးတဲ့ နောက် လက်ဘနွန်နိုင်ငံကို ပစ်ခတ်ဖို့ လမ်းကြောင်းထဲ ဆွဲခေါ်သွားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းက သင်္ဘောလမ်းကြောင်းတွေ ထိခိုက်ပြီး ရေနံဈေးနှုန်းတွေ တစည်ကို ဒေါ်လာ ၁၀၀ အထက် မြင့်တက်နေချိန်မှာ ဥရောပအင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ ပြဿနာနဲ့ ရုန်းကန်နေရပါတယ်။
Source: Reuters


