
ဘာစီလိုနာနည်းပြဟောင်း ဇာဗီက ဥက္ကဋ္ဌ လာပေါ်တာဟာ မက်ဆီရဲ့အပြန်လမ်းကို တမင်တကာ ပိတ်ပင်ခဲ့တာဖြစ်ကြောင်းနဲ့ ကလပ်ကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ပြင်းပြင်းထန်ထန် ဖွင့်ချ လိုက်ပါတယ်။
၂၀၂၃ ခုနှစ်မှာ မက်ဆီပြန်လာဖို့ အားလုံးအဆင်သင့်ဖြစ်ခဲ့ပေမဲ့ အာဏာလုပွဲဖြစ်လာမှာကို စိုးရိမ်တဲ့ လာပေါ်တာက အစီအစဉ်ကို ဖျက်ဆီးခဲ့တာလို ဇာဗီက ဆိုပါတယ်။
ဇာဗီက သူ့ကို ရာထူးက ဖယ်ရှားရာမှာလည်း လာပေါ်တာရဲ့ နောက်ကွယ်မှာ အလက်ဇန်းဒရိုး အီချီဗာရီးယားက ကြိုးကိုင်ခဲ့တာဖြစ်ပြီး သူဟာ သစ္စာဖောက်ခံရတာလိုလည်း ပြောကြားခဲ့တာပါ။
လာပေါ်တာကတော့ ဇာဗီရဲ့ပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပြီး ဒါဟာ လာမဲ့ ရွေးကောက်ပွဲအတွက် ပြိုင်ဘက်ဖြစ်သူ ဗစ်တာဖောင့်က ဇာဗီကို အသုံးချပြီး သိက္ခာချနေတာလို တုံပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ အတွင်းရေးပြဿနာတွေဟာ ရွေးကောက်ပွဲမတိုင်မီမှာ တော်တော်လေးကို အခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။
Photo: Reuters


