Home
နိုင်ငံတကာ
မက်ဆီနှင့် ပီလီ ဘယ်သူပိုကောင်းလဲဟု ထရမ့်ပ် အရွှန်းဖောက်
DVB
·
March 6, 2026
Photo: Reuters

မက်ဆီနဲ့ ပီလီ ဘယ်သူပိုကောင်းလဲ ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အရွှန်းဖောက်ခဲ့ပါတယ်။

၂၀၂၅ မေဂျာလိဂ်ချန်ပီယံ အင်တာမိုင်ယာမီအသင်းကို ထရမ့်ပ်က အိမ်ဖြူတော်မှာ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာအသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကလည်း မေဂျာလိဂ်မှာ ၂ နှစ်ဆက်တိုက် အကောင်းဆုံးကစားသမားဆုရတဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

မက်ဆီရဲ့ ခြေစွမ်းကို ဘရာဇီးဂန္ထဝင်ကစားသမား ပီလီနဲ့ ခိုင်းနှိုင်းပြီးလည်း ထရမ့်ပ်က ချီးကျူးခဲ့တာ တွေ့ရပါတယ်။

“ပီလီကစားတာကို ကြည့်ခဲ့ရလို့ ကျနော့်ကို အသက်ကြီးတဲ့သူလို့ မပြောစေချင်ပါဘူး။ ပီလီက အရမ်းကောင်းပါတယ်။ မက်ဆီက ပီလီထက် ပိုကောင်းမှာပါ။ ဒါတော့ ကျနော်မသိပါဘူး” လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

ပီလီဟာ ၁၉၇၅ ကနေ ၁၉၇၇ ခုနှစ်အထိ အမေရိကန်ကလပ်ဖြစ်တဲ့ နယူးယော့ခ်ကော့မော့အသင်းမှာ ကစားခဲ့ဖူးပြီး ၆၄ ပွဲမှာ ၃၇ ဂိုး သွင်းယူခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ထရမ့်ပ်ကို အသင်းအင်္ကျီ၊ ပန်းရောင်ဘောလုံးဆုတံဆိပ်၊ နာရီတို့ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် ၄၇ ခုမြောက် ဆုတံဆိပ်ရခဲ့တာက မယုံကြည်နိုင်စရာ ကောင်းတဲ့ အောင်မြင်မှုဖြစ်တဲ့အကြောင်း၊ ကမ္ဘာပေါ်က ဘယ်အသင်းဖြစ်ဖြစ် ကစားနိုင်ခွင့်ရှိပေမဲ့ မိုင်ယာမီကို ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ သူ့သားက မက်ဆီရဲ့ပရိသတ် ဖြစ်တဲ့အကြောင်း ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ မိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013