
အီရန်ကို ထိုးစစ်ဆင်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စစ်အာဏာကို ထိန်းဖို့ အထက်လွှတ်တော်မှာ မဲပေးမှု မအောင်မြင်ခဲ့ပါဘူး။
မဲခွဲမှုမှာ ၅၃ မဲ ၄၇ မဲ ရခဲ့တာဖြစ်ပြီး အီရန်ကို ထိုးစစ်ဆင်နေတဲ့ ထရမ့်ပ်ဟာ လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ စစ်ပွဲ ဆက်ပြီးဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ လွှတ်တော်ရဲ့ ထိန်းကျောင်းမှုအောက်ကနေ လွတ်ထွက်နေပြီလို့ ဒီမိုကရက်အမတ်တွေက ပြောခဲ့ပြီး စစ်တိုက်ရတဲ့ ရည်ရွယ်ချက်ကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ စနေနေ့က အီရန်ကို ထိုးစစ် စတင်ပြုလုပ်ခဲ့ပြီး အီရန်က အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသရှိ အမေရိကန်အခြေစိုက်စခန်းတွေကို ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ အီရန်ကို တရားဝင် စစ်ကြေညာခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ လွှတ်တော်ကို ၄၈ နာရီအတွင်း အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ လိုအပ်ချက်အရ အီရန်ကို တိုက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရှင်းပြထားပါတယ်။
ဗီယက်နမ်ကို တိုက်ခဲ့တဲ့ ၁၉၇၃ ခုနှစ်က သမ္မတ ရစ်ချက်နစ်ဆန်ဟာ စစ်တိုက်ဖို့ လွှတ်တော်ရဲ့ အတည်ပြုချက် ရယူခဲ့ရပါတယ်။
သမ္မတက ၄၈ နာရီအတွင်း စစ်ပွဲဆင်နွှဲဖို့ လွှတ်တော်ကို အသိပေးရတာဖြစ်ပြီး လွှတ်တော်က ရက် ၆၀ အတွင်း အဆုံးအဖြတ်ပေးရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၀၁ ခုနစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အတိုက်ခံရပြီးချိန်က စလို့ လွှတ်တော်မှာ စစ်တိုက်ဖို့ အတည်ပြုတဲ့ အချက်ကို ပယ်ဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။
ထရမ့်ပ်ရဲ့ စစ်ပွဲအာဏာကို ထိန်းဖို့ အထက်လွှတ်တော်မဲခွဲမှု မအောင်မြင်ခဲ့ပေမဲ့ အောက်လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်ပြီး ဆွေးနွေးကာ မဲခွဲမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source: Reuters


