
စပါးယာယီနည်းပြ အီဂေါတူဒေါက ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဘဲ ရပ်တည် နိုင်ရေးကိုသာ ဦးစားပေးမှာဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သောမတ်စ်ဖရန့်ခ်ကို ထုတ်ပယ်ပြီးနောက် တူဒေါလက်ထက် ၃ ပွဲဆက် ရှုံးနှိမ့်ခဲ့တာကြောင့် စပါးအသင်းဟာ တန်းဆင်းဇုန်နဲ့ တမှတ်အကွာကို ရောက်ရှိနေပြီး ချန်ပီလံလိဂ်မှာ အက်သလက်တီကိုနဲ့ ရင်ဆိုင်ရမှာပါ။
နည်းပြတူဒေါက ချန်ပီယံလိဂ်ဟာ အပိုဆုသာဖြစ်ပြီး လိဂ်မှာ ၄၉ ရာသီဆက် ရပ်တည်နိုင်ရေးက အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။
ဒီပွဲမှာ ရိုမဲရိုးနဲ့ ရစ်ချာလီဆန်တို ပြန်ပါလာမှာဖြစ်ကာ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို ပြန်မြှင့်တင်ဖိုနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ တူဒေါအနေနဲ့ ဒီချန်ပီယံလိဂ်ပွဲစဉ်ကို အခွင့်အရေးတခုအဖြစ် အသုံးချ သွားမှာပါ။
Photo: Reuters


