
လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားတွေ သေချာပေါက် ခေါ်ယူမှာဖြစ်တယ်လို့ စပါး နည်းပြသောမက်စ်ဖရန့်ခ်က ပြောပါတယ်။
စပါးအသင်းမှာ အဓိကတိုက်စစ်မှူး ဆိုလန်ကီနဲ့ ကွင်းလယ် တိုက်စစ်ကစားသမား မက်ဒီဆန်တို့ အပါအဝင် ကူလူဆက်စကီး၊ ဘစ်ဆူးမား အစရှိတဲ့ အမာခံ ကစားသမားတွေ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတာပါ။
နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး မူအာနီ၊ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဇာဗီဆီမွန်တို့ အပါအဝင် ဘိုင်ယန်က ပယ်လင်ညာနဲ့ ဝက်စ်ဟမ်းက ကူးဒက်စ်တိုကိုလည်း ခေါ်ယူခဲ့ပေမဲ့ ကစားသမားသစ်ထပ်ခေါ်ဖို့ နည်းပြ ဖရန့်ခ်က အတည်ပြုသွားတာပါ။
ဇန်နဝါရီအပြောင်းအရွှေ့စတင်ဖွင့်လှစ်တာနဲ့ အမြန်ဆုံးခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အပြောင်းအရွှေ့ မပိတ်သိမ်းခင်အထိ ကစားသမားဘယ်နှယောက် ခေါ်ယူခွင့်ရမလဲ ဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြဖရန့်ခ်က ပြောပါတယ်။
စပါးအသင်းဟာ ဘုန်းမောက် တိုက်စစ်ကစားသမား ဆမ်မန်ညိုကို ခေါ်ယူလိုနေပြီး ဂါနာလက်ရွေးစင်အတွက် ပေါင် ၆၅ သန်းလောက် ဈေးနူန်းသတ်မှတ်ထားပါတယ်။
Photo: Reuters


