Home
အားကစား
ဟယ်ရီကိန်းအသင်းဆီပြန်လာမည်ဆိုပါက  ကြိုဆိုကြောင်း စပါးနည်းပြ ပြော
DVB
·
September 24, 2025
Photo :Reuters

တိုက်စစ်မှူးဟယ်ရီကိန်းအနေဖြင့် ဘိုင်ယန်ကနေ ထွက်ခွါချိန်မှာ အသင်းဆီပြန်လာမယ်ဆိုရင် ကြိုဆို ကြောင်း စပါးနည်းပြသောမက်စ်ဖရန့်ခ်က ပြောသွားပါတယ်။

ဟယ်ရီကိန်းဟာ လာမယ့်နှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းမတိုးဖြစ်ခဲ့ရင် အသင်းဆီပြန်လာဖို့ စပါးနည်းပြက အမှာစကားပါးလိုက်တာပါ။

ဟယ်ရီကိန်းက ထိပ်တန်းတိုက်စစ်မှူးဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းပြောင်းဖို့ စဉ်းစားဦးမှာ မဟုတ်ကြောင်းနဲ့ ဘိုင်ယန်မှာ ဆက်လက်ခြေစွမ်းပြနေဦးမှာ ဖြစ်ကြောင်း နည်းပြဖရန့်ခ်က ပြောပါတယ်။

ကိန်းအသင်းဆီပြန်လာဖို့ စပါးအသင်းပရိသတ်တွေကဆန္ဒရှိသလို မိမိသဘောဆန္ဒကလည်း ပရိသတ်တွေနဲ့ ထပ်တူဖြစ်ကြောင်း နည်းပြသောမက်စ်ဖရန့်ခ်က ပြောပါတယ်။

အသက် ၃၃ နှစ်ပြည့်တော့မယ့် ဟယ်ရီကိန်းဟာ စပါးအသင်းအတွက် သွင်းဂိုးစုစုပေါင်း ၂၈၀ သွင်းယူခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ အလန်ရှီးယားကိုလိုက်မီဖို့   ၄၇ ဂိုး လိုအပ်နေတာ ဖြစ်ပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013