
စပါးအသင်းဟာ နည်းပြသစ်ရာထူးအတွက် ဟော်လန်နဲ့ အဲဗာတန်ကစားသမားဟောင်း ဟိုက်တင်ဂါကို ကာလတိုစာချုပ်နဲ့ ခန့်အပ်သွားဖို့ စီစဉ်နေပါတယ်။
ဂျွန်ဟိုက်တင်ဂါဟာ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ သောမက်စဖရန့်ခ်ရဲ့ နည်းပြအဖွဲ့ဝင်တယောက် ဖြစ်ပြီး ရာသီကုန်အထိ စာချုပ်သက်တမ်းနဲ့ တာဝန်ပေးဖို့ စပါးအသင်းက စီစဉ်နေတာပါ။
ဟိုက်တင်ဂါဟာ လီဗာပူးနည်းပြ စလော့ရဲ့ လက်အောက်မှာလည်း တာဝန်ယူခဲ့ဖူးပြီး အဲဒီနောက် အိုင်ယက်စ်နည်းပြချုပ်အဖြစ်လည်း ၆ လကြာ တာဝန်ယူခဲ့သူပါ။
စပါးအသင်းဟာ ရေရှည်အစီအစဉ်အဖြစ် အမေရိကန်လက်ရွေးစင်အသင်းကို တာဝန်ယူနေတဲ့ အသင်းနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူခန့်အပ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။


