
အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်ရေးဆွဲမှုတွေ ထွက်ပေါ်လာခဲ့ရာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး မန်စီးတီးက အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းကို အနိုင်ယူပြီး တက်ရောက်လာတဲ့ လိဂ်ဝမ်းကလပ် ပေါ့တေးလ်အသင်းကတော့ ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ပေါ့တေးလ်အတွက် သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ကွာတားဖိုင်နယ် ရောက်ရှိတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်က ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လိဒ်ယူနိုက်တက်ကတော့ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပေါ့တေးလ်နဲ့ ချဲလ်ဆီးတို့ဟာ ၁၉၂၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲမှာ ပြန်လည် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။
Photo: Reuters


