
FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ မန်စီးတီးဟာ နယူးကာဆယ်ကို (၃-၁) ဂိုးနဲ့ အနိုင်ယူပြီး ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ နယူးကာဆယ်ကို တရာသီအတွင်း ၄ ကြိမ်ဆက် အနိုင်ယူနိုင်တဲ့ သမိုင်းတလျှောက် ပထမဆုံးအသင်း ဖြစ်လာပါတယ်။
နယူးကာဆယ်က ဟာဗေးဘန်းစ်ရဲ့ဂိုးနဲ့ အဖွင့်လှခဲ့ပေမဲ့ စီးတီးက ဆာဗင်ဟို၊ မာမွတ်ရှ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်အနိုင်ယူပြီး မန်စီတီးအသင်းဟာ FA ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကတော့ ဒါဟာ သူတို့အတွက် သင်ခန်းစာကောင်းတခုဖြစ်ပြီး စီးတီးရဲ့ နည်းစနစ်ပိုင်းနဲ့ လူစာရင်းတောင့်တင်းမှုကို မယှဉ်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
လက်ရှိမှာတော့ နယူးကာဆယ်ဟာ လာမဲ့ဗုဒ္ဓဟူးနေ့မှာ ကစားရမဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် အတွက်သာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။


