
နယူးကာဆယ်အသင်းဟာ စိန့်ဂျိမ်းစ်ပတ်ခ်မှာ အဲဗာတန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ အက်ဒီဟောင်း လက်ထက်မှာ အိမ်ကွင်း ၃ ပွဲဆက် ပထမဆုံးအကြိမ်ရှုံးနိမ့်သွားပါတယ်။
ပွဲပြီးခါနီးမှာ ယာကော့ပ်မာဖီက ချေပဂိုးသွင်းယူပေးခဲ့ပေမဲ့ ၇၄ စက္ကန့်အကြာမှာတင် အဲဗာတန်အတွက် သီယာနိုဘာရီက အနိုင်ဂိုး ပြန်သွင်းသွားခဲ့တာပါ။
နည်းပြအက်ဒီဟောင်းဟာ ဒီပွဲမှာ လူစာရင်း ၆ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဂျိုးလင်တန်၊ ဝေါ်လ်တီမိတ်နဲ့ အန်တိုနီဂေါ်ဒန်တိုကို နေရာစုံမှာ အသုံးချခဲ့ပေမဲ့ အသင်းရဲ့ ခံစစ်ပိုင်းက အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ချန်ပီယံလိဂ်မှာ PSV ကို နိုင်ပြီးကတည်းက ပွဲတိုင်းလိုလို ဂိုးတွေပေးနေရပြီး နောက်ဆုံးပွဲစဉ်တွေမှာ စုစုပေါင်း ၂၃ ဂိုးအထိ ခွင့်ပြုထားရတာပါ။
အဆင့် ၁၂ ရောက်သွားတဲ့ ယူးကာဆယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပေမဲ့ အက်ဒီဟောင်းကတော့ အသင်းကြီးတသင်းဖြစ်ဖို့ ဆိုရင် အခုလို ခြေစွမ်းအတက်အကျမများဘဲ အမြဲတမ်းအဆင့်အတန်းတခုမှာ ရှိနေဖို့ လိုအပ်တယ်လို့ ဝန်ခံပြောပါတယ်။


