Home
အားကစား
တိုက်စစ်မှူး ဆက်စ်ကို၏ အနိုင်ဂိုးနှင့်အတူ မန်ယူနိုက်တက် အဆင့် ၄ နေရာ တက်လှမ်း
DVB
·
February 24, 2026
Photo: Reuters

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ အဲဗာတန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဗာတန်ရဲ့ ကွင်းသစ်ဖြစ်တဲ့ ဟေးလ် ဒစ်ကင်ဆန် စတေဒီယံမှာ ပထမဆုံးအကြိမ် သွားရောက်ကစားခဲ့တာဖြစ်ပြီး လူစားဝင်တိုက်စစ်မှူး ဆက်စ်ကိုက ပွဲကစားချိန် မိနစ် ၇၀ မှာ အမ်ဘူမိုရဲ့ ဖန်တီးပေးမှုကနေတဆင့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဆက်စ်ကိုဟာ နည်းပြသစ် မိုက်ကယ်ကာရစ် လက်ထက်မှာ ပွဲထွက်ခွင့် မရသေးပေမဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ဂိုးအထိ သွင်းယူကာ အသင်းအတွက် ‘Super Sub’ အဖြစ် ခြေစွမ်းပြနေပါတယ်။

မိုက်ကယ်ကာရစ် တာဝန်ယူပြီးနောက်ပိုင်း ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရခဲ့တဲ့ မန်ယူနိုက်တက်ဟာ အခုနိုင်ပွဲကြောင့် ချဲလ်ဆီးကိုကျော်ကာ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့သလို အဆင့် ၃ က အက်စတွန်ဗီလာနဲ့လည်း ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

နည်းပြ မိုက်ကယ်ကာရစ်ကလည်း အသင်းရဲ့ စုစည်းမှုနဲ့ ခံစစ်ပိုင်း ကျစ်လျစ်မှုကို ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013