
နယူးကာဆယ်အသင်းဟာ အစ္စရေးလက်ရွေးစင် အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမား အာနန် ခါလိုင်လီကို ခေါ်ယူဖို့ အလေးအနက် စောင့်ကြည့်နေပါတယ်။
ဘယ်လ်ဂျီယံကလပ် စိန့်ဂယ်လွိုက်မှာ ကစားနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ခါလိုင်လီကို အသင်းရဲ့ ထိပ်တန်းကင်းထောက်တွေက သဘောကျနေကြပြီး လာမဲ့နွေရာသီမှာ ဈေးသက်သက်သာသာနဲ့ ရရှိမဲ့ လူငယ်အရည်အသွေးမြင့် ကစားသမားအဖြစ် ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
တဖက်မှာလည်း ပရိသတ်တွေကြား ဝေဖန်မှုပြင်းထန်ခဲ့တဲ့ “Anime Style” အသင်းတံဆိပ်အသစ် ပြောင်းလဲမဲ့ အစီအစဉ်ကို အသင်းတာဝန်ရှိသူတွေက လုံးဝဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အီတလီကို ပြန်တော့မယ်လို့ သတင်းထွက်နေတဲ့ ဆန်ဒရိုတိုနာလီဟာလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားသလို ဒဏ်ရာရနေတဲ့ အဓိကကွင်းလယ်လူ ဘရူနို ဂီမာရက်စ်ကတော့ ဧပြီလကုန်အထိ ပွဲစဉ် ၁၀ ပွဲခန့် ထပ်မံလွဲချော်နိုင်ခြေ ရှိနေပါတယ်။
လာမဲ့နွေရာသီ အကြိုခြေစမ်းပွဲစဉ်တွေအတွက် အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းပြီး ဥရောပမှာပဲ လေ့ကျင့်ခန်းဆင်းဖို့ နည်းပြအက်ဒီဟောင်းက စီစဉ်နေပါတယ်။


