
ပြီးခဲ့တဲ့ အင်္ဂါနေ့က ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းကို ရှုံးခဲ့တဲ့ အကြွေးကို လီဗာပူးတို့ FA ဖလားမှာ ၃ ဂိုး ၁ ဂိုးနဲ့ ပြန်ဆပ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဂိုးမသွင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းအစ ၁၀ မိနစ်အတွင်းမှာတင် ရော်ဘတ်ဆင်နဲ့ ဆာလက် တို့က ဆက်တိုက်ဂိုးတွေ သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ ပွဲကို အသာစီးရခဲ့တာပါ။
အဲဒီနောက် ကာတစ်ဂျုန်းစ်က တတိယဂိုး ထပ်သွင်းခဲ့ပြီး ပွဲပြီးခါနီးမှ ဝုဗ်အတွက် ဟွမ်ဟီချန်က ချေပဂိုး တဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။
အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ ရော်ဘတ်ဆင်ဟာ ဒီနေ့ပွဲမှာ အဝေး ကန်ချက်နဲ့ ဂိုးသွင်းခဲ့သလို ဆာလက်အတွက်လည်း ဂိုးဖန်တီးမှု လုပ်ပေးပြီး ခြေစွမ်းပြ ခဲ့ပါတယ်။
လီဗာပူးအတွက်ကတော့ ဒီရာသီမှာ FA Cup နဲ့ ချန်ပီယံလိဂ်ဟာ ဆုဖလားမျှော်လင့်ချက် ရှိနေသေးတဲ့ ပြိုင်ပွဲတွေဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် ဂါလာတာစာရေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Photo: Reuters


