Home
အားကစား
FA ဖလားချန်ပီယံ မန်ယူအသင်း ချဲလ်ဆီးကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိ
DVB
·
May 26, 2024
ManuEuroLeage_26052024

FA ဖလားချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာအဆင့် ၆ ရရှိတဲ့ ချဲလ်ဆီး အသင်းကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရရှိသွားပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရပ်တည်မှုအရဆိုရင် အဆင့် ၆ နေရာက ချဲလ်ဆီးက ယူရိုပါလိဂ်ဝင်ခွင့် ရရှိပြီး၊ အဆင့် ၇ နေရာက နယူးကာဆယ်အသင်းက ယူရိုကွန်းဖရင့်လိဂ် ပြိုင်ပွဲကစားခွင့် ရရှိမှာပါ။

ဒါပေမဲ့ အဆင့် ၈ မှာရပ်တည်ခဲ့တဲ့ မန်ယူအသင်းက လိဂ်ချန်ပီယံ မန်စီးတီးကို အနိုင်ရပြီး FA ဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကို ရှုံးထွက်ဖလား ချန်ပီယံလမ်းကြောင်းကနေ လုယူသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ တဆင့်နိမ့်တဲ့ ကွန်းဖရင့်လိဂ်ကိုသာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး နယူးကာဆယ်အသင်းကတော့ ကွန်းဖရင့်လိဂ်ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားခဲ့ရပါတယ်။

အဆင့်အမြင့်ဆုံး ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ခဲ့တဲ့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးနဲ့ အက်စ်တန်ဗီလာတို့ ယှဉ်ပြိုင်ခွင့်ရရှိ ထားပါတယ်။ 

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013