Home
သတင်းဓာတ်ပုံ
မန်ယူနိုက်တက်အသင်း FA ဖလားကို ၁၃ ကြိမ်မြောက်ရရှိ အောင်ပွဲခံ (ဓာတ်ပုံ)
DVB
·
May 26, 2024
MANU111_26052024
MANU100_26052024
MANU19_26052024
MANU18_26052024
MANU17_26052024
MANU16_26052024
MANU15_26052024
MANU14_26052024
MANU13_26052024
MANU12_26052024
MANU1_26052024

 မန်ယူနိုက်တက်အသင်းဟာ မတ် ၂၅ ရက် မနေ့ညက ဝန်ဘလေကွင်းကြီးမှာ ကန်သွားတဲ့ FA ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ  ပရီးမီးယားလိဂ်ချန်ပီယံဆု ပူပူနွေးနွေးရထားတဲ့ မန်စီးတီး အသင်းကို ၂ ဂိုး  ၁ ဂိုးနဲ့အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

မန်ယူအတွက် ဂိုးတွေကို‌တော့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂါနာချိုက မိနစ် ၃၀ မှာ တဂိုး မိုင်နူးက ၃၉ မိနစ်မှာ တဂိုးသွင်းယူပေးခဲ့ပြီး မန်စီးတီးအတွက်ချေပဂိုးကိုတော့ ၈၇ မိနစ်မှာ ဒိုကူက သွင်းယူပေးခဲ့တာပါ။ 

 မန်ယူအတွက် FA ဖလားကို ၁၃ ကြိမ်မြောက်ရရှိတာဖြစ်ပြီး မန်ယူအသင်းဟာ ၂၀၁၆ ခုနှစ်က  FA ဖလားကို နောက်ဆုံးအကြိမ်ရခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ FA ဖလားရယူနိုင်ခဲ့မယ်ဆိုရင်တောင် နည်းပြအဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အမှန်တကယ်ဖြစ် လာမယ်ဆိုရင်တော့ နည်းပြတန်ဟတ်ဂ်အတွက် မန်ယူနဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်လာမှာပါ။

မန်ယူအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ၁၄ ပွဲအထိ စံချိန်တင်ရှုံးနိမ့်ခဲ့ရသလို  အမှတ်ပေးဇယားမှာ အဆင့် ၈ နဲ့ပဲ ရာသီသိမ်းခဲ့တာကြောင့် အသင်းဘက်က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024