Home
အနုပညာ
ဟားငါးကောင်အငြိမ့်အဖွဲ့ဝင် လူရွှင်တော် ဝိုင်းကျော်၏ ဈာပန  (ဓာတ်ပုံ) 
DVB
·
May 24, 2024
Har 11
Har 10
Har 9
Har 8
Har 7
Har 6
Har 5
Har 4
Har 3
Har 2
Har 1

ဟားငါးကောင်အငြိမ့်အဖွဲ့မှ လူရွှင်တော်ဝိုင်းကျော် အသက် ၃၈ နှစ်ရဲ့ ဈာပနအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မေ ၂၄ ရက် မွန်းလွဲပိုင်းက ကျင်းပသွားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အငြိမ့်ပွဲတွေနဲ့ နွေဦးတော်လှန်ရေး ဇာတ်လမ်းတိုတွေ ရိုက်ကူးနေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ဝင် ဟာသလူရွှင်တော် ဝိုင်းကျော်ဟာ အသည်းရောဂါနဲ့ မေလ ၂၂ ရက်နေ့က မဲဆောက် ဆေးရုံကြီးမှာတက်ရောက်ဆေးကုသစဉ် ကွယ်လွန်ခဲ့ပြီး ဒီကနေ့မှာ သူ့ရဲ့ ဈာပန ကျင်းပခဲ့တာပါ။

ဝိုင်းကျော်၊ တိုင်းကျော်၊ ပိုးလေး၊ တိုးကျော်နဲ့ ပြည်ကျော်စတဲ့ ဟာသလူရွှင်တော် ၅ ဦး ပါဝင်တဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ဟာ အမှန်တရားနဲ့ ပြည်သူ့ဘက်က ရပ်တည်ကာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ ရန်ကုန်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေကို ခိုလှုံလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

အခုအခါ နွေဦးတော်လှန်ရေး အနုပညာတာဝန်တွေအရ အငြိမ့်ကပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဟာသလူရွှင်တော် ဝိုင်းကျော် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဈာပနကိုတော့ ထိုင်းနိုင်ငံရောက် မြန်မာအသိုက်အဝန်းက လိုက်ပါကူညီ ပို့ဆောင်ပေးခဲ့ကြပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013