
အဲဗာတန် တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ဟာ ခြေထောက်ခွဲစိတ်မှု ခံယူပြီးနောက် သူ့ရဲ့ဒဏ်ရာ ပြန်လည်သက်သာလာမှု အခြေအနေတွေကို လူမှုကွန်ရက်ကတဆင့် မျှဝေလိုက်ပါတယ်။
အသက် ၃၀ အရွယ် အင်္ဂလန်ကြယ်ပွင့်ဟာ ခွဲစိတ်မှုအပြီး ၄ ပတ်အကြာမှာ အကာအကွယ်ဖိနပ်နဲ့ ဒူးထောက်စကူတာတို့ကို အသုံးပြုပြီး လေ့ကျင့်ခန်းတွေ ပြန်လုပ်နေတာပါ။
ဂရီးလစ်ရှ်ဟာ ဒီရာသီ လက်ကျန်ပွဲတွေကို လွဲချော်မှာဖြစ်ပေမဲ့ အရင်ကထက် ပိုသန်မာစွာ ပြန်လာနိုင်ဖို့ ရေခဲရေချိုးတာနဲ့ ပေါင်းခံရေချိုးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ မန်စီးတီးကနေ အဲဗာတန်ကို အငှားနဲ့ လာကစားနေတာဖြစ်ပြီး အဲဗာတန်ကတော့ သူ့ကို နွေရာသီမှာ ပေါင်သန်း ၅၀ နဲ့ အပြီးသတ်ခေါ်ဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။


