Home
အားကစား
အဲဗာတန်အသင်း အိမ်ကွင်းနိုင်ပွဲ ပျောက်ဆုံးမှု ရပ်တန့်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိလာ
DVB
·
March 4, 2026
Photo: Reuters

အဲဗာတန်အသင်းဟာ ဒီနေ့မနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ  အိမ်ကွင်း ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ တာကောစကီးရဲ့ အဖွင့်ခေါင်းတိုက်ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဒီယူးစ်ဘူရီဟောက ဒုတိယမြောက် အနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာကြောင့် အဲဗာတန်အတွက် အဖိုးတန် ၃ မှတ်ကို ရရှိစေခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အဲဗာတန်ဟာ အဆင့် ၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး တပွဲပိုကစားကာ အဆင့် ၆ နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်အကွာကို ရောက်ရှိလာတာကြောင့် လာမဲ့ရာသီ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

တဖက်မှာ ရှုံးနိမ့်ခဲ့တဲ့ ဘန်လေအသင်းကတော့ တန်းဆင်းဇုန်ထဲမှာပဲ ဆက်လက် ရုန်းကန်နေရဆဲဖြစ်ပြီး ပရိသတ်တွေကလည်း နည်းပြ စကော့ပါကားအပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013