
မီလန်ဒါဘီပွဲစဉ်မှာ အေစီမီလန်က အက်စတူပီနန်ရဲ့ အဆုံးအဖြတ်ဂိုးနဲ့အတူ မြို့ခံပြိုင်ဘက် အင်တာမီလန်ကို အနိုင်ယူပြီး အမှတ်ကွာဟချက်ကို ၇ မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၃၅ မိနစ်မှာ ဖိုဖာနာရဲ့ ဖန်တီးပေးမှုကတဆင့် အက်စတူပီနန်က အားပါတဲ့ ကန်ချက်နဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
နောက်ပိုင်းမှာတော့ အင်တာမီလန်ရဲ့ ဖိအားပေးမှုတွေကို အေစီမီလန်နောက်တန်းက အကောင်းဆုံး တောင့်ခံနိုင်ခဲ့ပြီး ဒီရာသီ ဒါဘီပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်အနေနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ပေမဲ့ ဒီရှုံးပွဲကြောင့် စီးရီးအေ ၈ ပွဲဆက် နိုင်ပွဲမှတ်တမ်း ရပ်တန့်သွားခဲ့ရပါတယ်။
လက်ကျန် ၁၀ ပွဲအလိုမှာ အေစီမီလန်အတွက် စီးရီးအေ ချန်ပီယံမျှော်လင့်ချက် အနည်းငယ် ပြန်လည်ရှင်သန်လာတာလည်း ဖြစ်ပါတယ်။


