
အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီဟာ အီတလီစီးရီးအေရဲ့ တလတာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးရရှိတဲ့ အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဗာဒီဟာ ပြီးခဲ့တဲ့ရာသီက လက်စတာနဲ့ လမ်းခွဲခဲ့ပြီးနောက် စီးရီးအေကလပ် ခရီမိုနီစီအသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာပါ။
နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ဗာဒီက တဂိုးသာသွင်းယူနိုင်ခဲ့ပေမဲ့ တလတာအကောင်းဆုံး ကစားသမားဆုရရှိခဲ့တာပါ။
ဒီဆုကိုပရိသတ်တွေရဲ့ မဲပေးမှုနဲ့အတူ တဦးချင်စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်ပြီး ချီးမြှင့်တာပါ။
ဗာဒီဟာ ဒီဇင်ဘာလ ၂ ရက်က ကစားခဲ့တဲ့ ဘိုလော့ညာနဲ့ ပွဲမှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး စီးရီးအေ ၁၀ ပွဲမှာ ၄ ဂိုးသွင်းယူထားပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဂျေမီဗာဒီဟာ လက်စတာမှာ ၁၃ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ကစားသ မားဘဝတလျှောက် အင်္ဂလန်ပြင်ပက ပြည်ပကလပ်တခုမှာ ပထမဆုံးအကြိမ်သွားရောက်က စားနေတာ ဖြစ်ပါတယ်။
Photo: Reuters


