
အီတလီချန်ပီယံ နာပိုလီအသင်းဟာ လက်စတာကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီကို ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
အမာခံတိုက်စစ်မှူး လူကာကူဟာ ဒဏ်ရာကြောင့် ၃ လလောက် အနားယူရဖို့ ဖြစ်လာချိန်မှာ ဗာဒီကို အရေးပေါ်အခြေအနေအရ ခေါ်ယူသွားဖို့ နာပိုလီအသင်းက ကြိုးပမ်းလာခဲ့တာပါ။
နာပိုလီအသင်းဟာ မန်ယူတိုက်စစ်မှူး ဟွိုက်လန်းနဲ့ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်တို့ကို ခေါ်ယူလိုပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခမြင့်မားမှုကြောင့် ဗာဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာလို့ သိရပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ လက်စတာနဲ့အတူပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပြီး ဂိုး ၂၀၀ သွင်းယူနိုင်ခဲ့ပါတယ်။
ဗာဒီကိုခေါ်ယူဖို့ နာပိုလီအသင်းအပြင် ဆဲလ်တစ်၊ ရိန်းဂျားစ်နဲ့ အဲဗာတန်အသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။