
ဘရန့်ဖို့ဒ်အသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဒမ်ဂိုအူအက်တာဟာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိ ဘူကီနာဖာဆို ကစားသမားအတွက် ဘရန့်ဖို့ဒ်အသင်းက ကလပ်အသင်းသမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် ပေါင် ၄၂ သန်းခွဲ ပေးချေပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
အူအက်တာဟာဟာ မနှစ်က ဘုန်းမောက်နဲ့ ၃၇ ပွဲမှာ ၉ ဂိုးသွင်းခဲ့ပြီး အလားအလာကောင်းတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
ဘရန့်ဖို့ဒ်အသင်းဟာ နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ရသလို အသင်းခေါင်းဆောင် နော်ဂတ်ကို အာဆင်နယ်ဆီ လက်လွှတ်ခဲ့ရကာ တိုက်စစ်ကစားသမား အမ်ဘူမိုကိုလည်း မန်ယူနိုက်တက်ဆီ ထွက်ခွာခွင့် ပေးခဲ့ရတာပါ။
အူအက်တာဟာကို ခေါ်ယူခဲ့တဲ့အတွက် နောက်ထပ် တိုက်စစ်ကစားသမား ယိုအန်ဝစ်ဆာကို ပြန်လည်ရောင်းထုတ်ဖို့ ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။