
စကော့တလန်ဖလား ကွာတားဖိုင်နယ် အိုးလ်ဒ်ဖမ်းဒါဘီပွဲစဉ်မှာ ဆဲလ်တစ်အသင်းက ရိန်းဂျားကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်လှမ်းခဲ့ပေမဲ့ ပွဲအပြီးမှာတော့ ရုပ်ဆိုးအကျည်းတန်တဲ့ ပရိသတ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆဲလ်တစ်ပရိသတ်တွေ ကွင်းထဲဝင်ရောက် အောင်ပွဲခံရာကနေ နှစ်ဖက်ပရိသတ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရိန်းဂျားပရိသတ်တချို့က ဆဲလ်တစ်ကစားသမား အာရူဂျိုနဲ့ အသင်းတာဝန်ရှိသူတွေကို ရန်မူခဲ့ကြတာပါ။
ပွဲအတွင်းမှာလည်း နှစ်သင်းစလုံး ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ကြမ်းတမ်းတဲ့ ကစားဟန်တွေနဲ့ အမှားအယွင်းများစွာ ရှိခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပြီး ပွဲအပြီးမှာ မီးရှူးမီးပန်းတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။


