Home
နိုင်ငံတကာ
ယူနီယံဘာလင်အိမ်ကွင်း၌ ပရိသတ် ၂၈,၀၀၀ ကျော် ခရစ္စမတ်ကာရိုးသီချင်း စုဝေးသီဆို
DVB
·
December 25, 2025
Photo: Reuters

ဘွန်ဒက်လီဂါကလပ် ယူနီယံဘာလင်အသင်းပရိသတ် ထောင်ပေါင်းများစွာဟာ ဒီဇင်ဘာ ၂၃ ရက် ညက အသင်းရဲ့ အစဉ်အလာဖြစ်တဲ့ ခရစ္စမတ်ကာရိုးသီချင်းကို စုပေါင်းသီဆိုခဲ့ပါတယ်။

ယူနီယံဘာလင်ရဲ့ကွင်းမှာ ပရိသတ် ၂၈,၅၀၀ ဟာ စုဝေးပြီး ခရစ္စမတ်ကာရိုးသီချင်းကို သီဆိုခဲ့တာပါ။

လူငယ်ပရိသတ်တယောက်က “ကွင်းထဲကိုလာတဲ့ ပရိသတ်အများစုဟာ အစဉ်အလာအရ လာကြတာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့အတွက်တော့ ခရစ္စမတ်သီချင်း သီဆိုဖို့ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် လက်မှတ်ရယူခဲ့ရတာပါ” လို့ ပြောပါတယ်။

ဒါဟာ ယူနီယံဘာလင်ဟာအသင်းကို ပံ့ပိုးမှုပြုလုပ်တဲ့ အဖွဲ့အစည်းစိတ်ဓာတ်ကို သိရှိပြီး ပရိသတ်တွေကို ဘယ်လို ပြန်ပြီး ပေးဆပ်ရမလဲ ဆိုတာကိုလည်း သိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ယူနီယံဘာလင်အသင်းဟာ ၁၉၉၇ ခုနှစ်က ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေက ရန်ပုံငွေကောက်ခံပြီး အသင်းကို ထောက်ပံ့ခဲ့တဲ့ အဖြစ်အပျက်ဟာ ထင်ရှားပါတယ်။

ယူနီယံဘာလင်အသင်းဟာ အိမ်ကွင်းမှာ ခရစ္စမတ်ပွဲတွေကျင်းပတဲ့ အသင်းအဖြစ် လူသိများပါတယ်။

၂၀၀၃ ခုနှစ်က ပရိသတ် ၈၉ ယောက်နဲ့ စုဝေးစတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်အရောက်မှာ လူဦးရေ ၂၇,၅၀၀ အထိ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အဲဒီအထဲမှာ အသင်းပရိသတ်တွေ သာမက ဂျာမနီနဲ့ ဥရောပက ပရိသတ်တွေ၊ ကစားသမားတွေပါ ပါဝင်ခဲ့ပါတယ်။

အိမ်ကွင်းမှာပြုလုပ်တဲ့ ခရစ္စမတ်ပွဲမှာ ပရိသတ်တွေဟာ ဝိုင်တွေသောက် မီးရှူးတွေ ထွန်းညှိပြီး ခရစ္စမတ်ကာရိုးသီချင်းနဲ့ ဘောလုံးသီချင်းတွေကို အတူတကွ သီဆိုခဲ့ကြတာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013