Home
သတင်းဓာတ်ပုံ
မွမ်ဘိုင်းအားကစားကွင်းကြီး၌ ပရိသတ်များနှင့် မက်ဆီ တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
December 15, 2025
Lionel Messi Tour of India
Lionel Messi Tour of India
Lionel Messi Tour of India
Lionel Messi Tour of India
Lionel Messi Tour of India
Lionel Messi Tour of India

အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ မွမ်ဘိုင်းမြို့ရှိ ဘောလုံးပရိသတ်တွေဟာ ဒီဇင်ဘာ ၁၄ ရက်က ဝမ်ခီဒီ အားကစားကွင်းကြီးမှာ ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ် မက်ဆီကို ကြိုဆိုခဲ့ကြပါတယ်။

မက်ဆီရဲ့ အိန္ဒိယခရီးစဉ်မှာ လိုက်ပါလာတဲ့ အင်တာမိုင်ယာမီကလပ် အသင်းဖော် ရိုဒရီဂိုဒီပေါနဲ့ လူးဝစ်ဆွာရက်ဇ် တို့ကလည်း ပရိသတ်တွေကို လက်ပြနှုတ်ဆက်တာနဲ့ အမှတ်တရအဖြစ် ဘောလုံးတွေကို ပွဲကြည့်စင်တွေဆီ ကန်ပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

မက်ဆီရဲ့ပွဲကို ဂန္ထဝင် ခရစ်ကက်ကစားသမား ဆာချင်းတန်ဒူကာ အပါအဝင် အိန္ဒိယနိုင်ငံက လူသိများ ထင်ရှားသူတွေလည်း လာရောက်ခဲ့ကြပါတယ်။

မက်ဆီဟာ GOAT Tour ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်လာတာဖြစ်ပြီး ကိုလ်ကတ္တား၊ ဒေလီ၊ မွမ်ဘိုင်းမြို့၊ ဟိုင်ဒီရာဘတ်မြို့ ၄ မြို့ကို လှည့်လည်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က ကိုလ်ကတ္တားမြို့၊ Salt Lake အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ မက်ဆီနဲ့ တွေ့ဆုံပွဲမှာတော့ စီစဉ်သူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပရိသတ်တွေ ဒေါသထွက်ပြီး အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

လက်မှတ်ဈေးကြီးပေးပြီး ကွင်းအတွင်း လာရောက်အားပေးတဲ့ ပရိသတ်တွေဟာ အထူးဧည့်သည်တော်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ မက်ဆီကို ဝိုင်းရံထားမှုကြောင့် မက်ဆီကို မမြင်ရလို့ မကျေမနပ် ပေါက်ကွဲ ဒေါသထွက်ကာ ပုလင်းတွေ၊ ထိုင်ခုံတွေနဲ့ ပစ်ပေါက်ပြီး အားကစားကွင်းရဲ့ ပွဲကြည့်စင်တွေကို ဖျက်ဆီးခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013