
တခဲနက်အားပေးကြတဲ့ ပရိသတ်တွေအတွက် ပြန်လည်ပေးဆပ်ကစားသွားမယ်လို့ အဲဗာတန် ကစားသမားသစ် ဂျက်ဂရေးလစ်ရှ်က ပြောပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်တောင်ပံ တိုက်စစ်မှူးဟာ မန်စီးတီးအသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲဗာတန်အသင်းနဲ့ တရားဝင်စာမချုပ်ခင်ကတည်းက ဆိုရှယ်မီဒီယာတွေကနေ နှုတ်ဆက် ကြိုဆိုမှုတွေ များပြားခဲ့တဲ့အပေါ် ဝမ်းမြောက်မိပြီး အဲဒီလိုအားပေးမှုတွေအတွက် ပြန် လည်ပေးဆပ်သွားမယ်လို့ ဂရေးလစ်ရှ်က ပြောပါတယ်။
ဂရေးလစ်ရှ်ဟာ ၂၀၂၁ ခုနှစ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၁၀၀ နဲ့ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၄ နှစ်အကြာမှာ အငှားစာချုပ်နဲ့ အဲဗာတန်ဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
Photo : Reuters


