
အိုင်ယာလန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အိမ်ရှင်ပရိသတ်တွေအနေနဲ့ မိမိကို လှောင်ပြောင်အော်ဟစ်ကြဖို့ မျှော်လင့်ကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြောသွားပါတယ်။
ပေါ်တူဂီအသင်းဟာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ အဖြစ် အိုင်ယာလန်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
အိုင်ယာလန်ပရိသတ်တွေဟာ မိမိကို လှောင်ပြောင်ကြဦးမှာဖြစ်ပြီး အဲဒီလိုဖြစ်ဖို့လည်း မျှော်လင့်ကြောင်း၊ ဒီလိုမျိုး လှောင်ပြောင်မှုတွေက အသားကျနေပြီးသား ဖြစ်တာကြောင့် မိမိအတွက် ကိစ္စမရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်ဒိုက ပြောပါတယ်။
စီရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်အတွင်းက အိုင်ယာလန်နဲ့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ဘောလုံးတချက်ထိတိုင်း အိုင်ယာလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ခံခဲ့ရသူပါ။
ပေါ်တူဂီအသင်းဟာ အိုင်ယာလန်ကို အနိုင်ရမယ်ဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။


