
တော့တင်ဟမ်ဟော့စပါးအသင်းက ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ စိတ်ပျက်နေတဲ့ ပရိသတ် ထောင်ပေါင်းများစွာဟာ ပထမပိုင်း မပြီးခင်မှာတင် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
စပါးဟာ ဆိုလန်ကီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ နောက်ခံလူ ဗန်ဒီဗန် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပဲလေ့စ်အသင်းရဲ့ ဂိုးသွင်းယူမှုတွေကို ဆက်တိုက်ခွင့်ပြုခဲ့ရတာပါ။
နည်းပြသစ် အီဂေါတူဒေါ ဟာလည်း တာဝန်ယူခဲ့တဲ့ ၃ ပွဲစလုံး ရှုံးနိမ့်ထားသလို စပါးအသင်းဟာလည်း ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတပွဲမှ မရရှိသေးဘဲ ၁၁ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့တဲ့ စပါးအတွက် လာမဲ့ပွဲစဉ်တွေက အရေးကြီးနေပြီး လာမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။


