
အခုနှစ်ရာသီအကုန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ်လို့ နည်းပြဂလက်စ်နာ ကအတည်ပြုသွားပါတယ်။
၂ နှစ်အတွင်းမှာ အက်ဖ်အေဖလားရယူပေးထားတဲ့ သြစတြီးယားနည်းပြဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို လိုချင်တဲ့အတွက် စာချုပ်သက်တမ်း တိုးဖြစ်မှာမဟုတ်ဘူးဆိုတာ အသင်းနဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက သဘောတူညီမှု ရထားကြောင်း နည်းပြဂလက်စ်နာက ပြောပါတယ်။
အသင်းကထွက်ခွာမဲ့အကြောင်းကို သတင်းထုတ်ပြန်တာမပြုလုပ်ဖို့ သဘောတူညီထားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပွဲဆက်တွေများလာချိန်မှာ အပြောင်းအရွှေ့ကိစ္စတွေကို မပြောချင်တော့ တာကြောင့် ရှင်းရှင်းလင်းလင်းဖြစ်ဖို့က အရေးပါကြောင်း နည်းပြဂလက်စ်နာက ပြောပါတယ်။
ပဲလေ့စ်အသင်းခေါင်းဆောင် မတ်ဂေဟီဟာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိ ကြောင်းလည်း နည်းပြဂလက်စနာက အတည်ပြုခဲ့ပြီး မန်စီးတီးဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိ ထားတယ်လို့ သိရပါတယ်။
Photo: Reuters


