
ဘယ်တောင်ပံနေရာအတွက် အင်အားဖြည့်တင်းလိုနေတဲ့ မန်ယူနိုက်တက်ဟာ ဘုန်းမောက် တိုက်စစ်ကစားသမား မားကပ်စ်တာဗာနီယာကို နွေရာသီအပြောင်းအရွှေ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် တာဗာနီယာဟာ ဒီရာသီမှာ ၆ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးထားနိုင်ပြီး သူ့ကို အက်စတွန်ဗီလာနဲ့ နော့တမ်ဖောရက်စ်တို့ကလည်း စိတ်ဝင်စားနေတာပါ။
အင်္ဂလန်သား တာဗာနီယာဟာ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် သူ့ရဲ့တန်ဖိုးဟာ ပေါင်သန်း ၄၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ယူနိုက်တက်အနေနဲ့ လာမဲ့ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရ၊ မရပေါ် မူတည်ပြီး ကစားသမားသစ် ခေါ်ယူနိုင်မှု အခင်းအကျင်းဟာ ပြောင်းလဲသွားမှာပါ။
လက်ရှိမှာတော့ ယူနိုက်တက်ဟာ ကွင်းလယ်လူ ၂ ယောက်အပြင် နောက်ခံလူနေရာတွေကိုလည်း အင်အားဖြည့်တင်းဖို့ ရည်မှန်းထားပါတယ်။


