
ထိုင်းနိုင်ငံသား ၂ ယောက်ကို မက်သာဖက်တာမင်း စိတ်ကြွမူးယစ်ဆေး ၂ တန်နီးပါး မှောင်ခိုသွင်းလာမှုနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း အင်ဒိုနီးရှားတရားရုံးတခုက မတ် ၆ ရက်မှာ စီရင်ချက်ချလိုက်ပါတယ်။
တရားရုံးက ထိုင်းနိုင်ငံသားတယောက်ကို တသက်တကျွန်း ထောင်ဒဏ်နဲ့ နောက်တယောက်ကိုတော့ ထောင်ဒဏ် ၁၇ နှစ် အမိန့်ချမှတ်ခဲ့ပြီး ဒါဟာ အင်ဒိုနီးရှားမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတခု ဖြစ်ပါတယ်။
တရားခံ ဝီရာပတ် ဖွန်ဝမ်န်ကိုတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုမှာ ကြားခံဆောင်ရွက်ပေးတာနဲ့ ကြီးကြပ်ပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။
နောက်တရားခံတယောက်ဖြစ်သူ တီရာပွန် လခ်ပရာဒဘ် ကတော့ မူးယစ်ဆေးဝါး အရောင်းအဝယ်မှာ ကြားခံအဖြစ် ဆောင်ရွက်ခဲ့မှုအတွက် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရတယ်လို့ တရားသူကြီးက ဆိုပါတယ်။
တရားရုံးမှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် မေလမှာ သူတို့ ၂ ယောက်နဲ့အတူ အင်ဒိုနီးရှားနိုင်ငံသား ၄ ယောက်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့စီးနင်းလာတဲ့ ငါးဖမ်းသင်္ဘောပေါ်မှာ အလေးချိန် ၂ တန်နီးပါးရှိတဲ့ မက်သာဖက်တမင်း ၆၇ သေတ္တာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


