
ချဲလ်ဆီးအသင်းရဲ့ နည်းပြလီယမ်ရိုဆန်နီယာက သူတို့အသင်းရဲ့ တိုက်စစ်မှူး ဂျာအိုပက်ဒရိုဟာ ဟာလန်း၊ ဟာရီကိန်းနဲ့ ဘာပေတို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေနဲ့ အဆင့်အတန်း တူညီနေပြီလို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အက်စတွန်ဗီလာကို (၄-၁) ဂိုး နဲ့ နိုင်တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ဒီရာသီ သွင်းဂိုး ၁၇ ဂိုးအထိ ရှိလာခဲ့တာပါ။
ဂျာအိုပက်ဒရိုရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုးစလုံးဟာ ပင်နယ်တီမပါဘဲ သွင်းယူထားတာဖြစ်ပြီး ဥရောပရဲ့ ထိပ်သီးတိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ရင်တောင် ဂိုးအဖြစ် ပြောင်းလဲနိုင်နှုန်း (Conversion Rate) မှာ ဟာလန်းနဲ့ ဘာပေတို့ထက် ပိုကောင်းနေတာကို တွေ့ရပါတယ်။
ချဲလ်ဆီးအနေနဲ့ ၂၀၁၆-၁၇ ရာသီက ဒီယေဂိုကော်စတာနောက်ပိုင်း တရာသီ ဂိုး ၂၀ ပြည့်မဲ့ တိုက်စစ်မှူးစစ်စစ်ကို ပြန်လည်ပိုင်ဆိုင်ဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။


