
ချဲလ်ဆီးနည်းပြ လီယမ်ရိုဆန်နီယာဟာ အက်စတွန်ဗီလာနဲ့ အရေးကြီးပွဲစဉ်မှာ ခြေစွမ်းပိုင်း ရုန်းကန်နေရတဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး သူ့အသင်းမှာ ပုံသေ နံပါတ်တစ် ဂိုးသမားရယ်လို့ မရှိကြောင်း သတိပေးလိုက်ပါတယ်။
ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့လို့ ဝေဖန်ခံနေရသူဖြစ်ပြီး သူ့အစား ဖိလစ်ဂျော်ဂန်ဆင်ကို ပွဲထွက်ခွင့်ပေးကာ နေရာတိုင်းမှာ ပြိုင်ဆိုင်မှုရှိစေချင်တယ်လို့ နည်းပြက ဆိုပါတယ်။
ဂျောဂန်ဆင်ဟာ ပွဲထွက်ခွင့် အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့သူဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း စွမ်းဆောင်ရည်ကောင်းမွန်လို့ အခွင့်အရေးပေးခဲ့တာဖြစ်ကြောင်း နည်းပြ ရိုဆန်နီယာက ပြောပါတယ်။
ဆန်းချက်ဇ်အစား ပွဲထွက်လာတဲ့ ဂျော်ဂန်ဆင်ဟာလည်း ပွဲစစချင်း ၂ မိနစ်မှာတင် ဗီလာအတွက် ဒေါက်ဂလပ်စ်လူးဝစ်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပေမဲ့ ပတ်ဒရိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ ချဲလ်ဆီးက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။


