
ချဲလ်ဆီးအသင်းဟာ ဒီနေ့မနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားသာချက် ရယူနိုင်ခဲ့ပါတယ်။
ဗီလာအတွက် ဒေါက်ဂလပ်စ်လူးဝစ်က အဖွင့်ဂိုး စောစီးသွင်းယူခဲ့ပေမဲ့ ချဲလ်ဆီးအတွက် ဂျာအိုပက်ဒရိုက ဟက်ထရစ် ၃ ဂိုး သွင်းယူခဲ့သလို ကိုးလ်ပါလ်မာကလည်း တဂိုး ထပ်မံဖြည့်စွက်ပေးခဲ့တာပါ။
အိမ်ကွင်းခံစစ်ကစားပုံ ပျက်ယွင်းခဲ့တဲ့ ဗီလာအသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၅ အတွင်း ဝင်ဖို့အတွက်လည်း ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ဗီလာအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရင် ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် အဓိကကစားသမားတွေကို ရောင်းထုတ်ရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ချဲလ်ဆီးကတော့ ဒီနိုင်ပွဲကြောင့် အရှိန်အဟုန်ကောင်း ရရှိသွားပြီး လာမဲ့အပတ် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ဖို့ အသင်းသားတွေအတွက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။


