
အယ်လ်နာဆာအသင်းရဲ့ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ စနေနေ့က အယ်လ်ဖေဟာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကို ကုသဖို့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
အသင်းနည်းပြ ဂျော့ဂျေးဆပ်ရဲ့ ပြောကြားချက်အရ ရော်နယ်လ်ဒိုရဲ့ ဒဏ်ရာဟာ ကနဦး ထင်မှတ်ထားတာထက် ပိုမိုပြင်းထန်နေပြီး သူ့ရဲ့ ကိုယ်ပိုင်ကာယကုထုံးပညာရှင်နဲ့ ပြသကုသဖို့ လိုအပ်နေတာပါ။
ဒီရာသီ ဆော်ဒီလိဂ်မှာ ၂၂ ပွဲကစား ၂၁ ဂိုးအထိ သွင်းယူထားတဲ့ ရော်နယ်လ်ဒိုဟာ ဒဏ်ရာကြောင့် လာမဲ့ မတ်လကုန်မှာ ကစားမဲ့ ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေကို လွဲချော်နိုင်ခြေ ရှိပါတယ်။
ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်လ်ဒိုအတွက် ဒီဒဏ်ရာဟာ သူ့ရဲ့ အနာဂတ် ရည်မှန်းချက်တွေအပေါ် အနှောင့်အယှက် ဖြစ်လာနိုင်သလို၊ အသင်းရဲ့ စီမံခန့်ခွဲမှုတွေ အပေါ် မကျေနပ်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြားမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Photo: Reuters


