
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် သုံးပွဲဆက်တိုက် လွဲချော်ပြီးနောက် ပထမဆုံး ပြန်ကစားတဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုက တဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ပြိုင်ဘက် အယ်လ်ဟီလာ အသင်းနဲ့ နိူင်းယှဉ်ပြီး အသင်းရဲ့ ကစားသမားအင်အား ခေါ်ယူမှုအပေါ် အားမလိုအားမရဖြစ်ခဲ့ပြီးနောက် အသင်းရဲ့ပွဲစဉ် ၃ ပွဲဆက်တိုက် ပါဝင်ကစားခြင်း မရှိခဲ့တာပါ။
အသင်းတာဝန်ရှိသူတွေနဲ့ ပွတ်တိုက်မှုတွေရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အယ်လ်ဖာ တက်ချ်နဲ့ လိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ပွဲထွက်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အဲဒီပွဲမှာ အယ်လ်နာဆာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဦးဆောင်သူ အယ်လ်ဟီလာနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
စီရော်နယ်ဒိုအတွက် ကစားသမားဘဝ သွင်းဂိုး စုစုပေါင်း ၉၆၂ ဂိုးရှိသွားပြီဖြစ်ပြီး သူ့ရဲ့ရည်မှန်းချက် ဖြစ်တဲ့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ၃၈ ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။


