
အယ်လ်နာဆာ အသင်းအတွက် ၂ ပွဲဆက်တိုက် ပါဝင်ကစားခြင်းမရှိခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့တယ်လို့ သိရပါတယ်။
စီရော်နယ်ဒိုဟာ အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေနဲ့ ပြင်ဆင်မှုတွေကို အားမလို အားမရ ဖြစ်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေကို ဆန္ဒပြတောင်းဆိုတဲ့အနေနဲ့ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာလို့ သတင်းတွေက ဆိုကြပါတယ်။
စီရော်နယ်ဒိုဟာ တာ့မင်နစ္စတန်ကလပ်နဲ့ ကစားမဲ့ အာရှကလပ်အသင်းပွဲစဉ် အဝေးကွင်းပွဲမှာ လိုက်ပါခြင်းမရှိပေမဲ့ လာမဲ့တပတ်မှာကစားမဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ ပြန်ကစားဖို့ရှိတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းဆီ ရောက်ရှိလာကတည်းက အမှတ်ပေးလိဂ်ဖလား ရယူနိုင်ခြင်း မရှိသေးတာကြောင့် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။
Photo:Reuters


