
ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးတဲ့ စီရော်နယ်ဒိုဟာ ဥရောပလိဂ်ပြိုင်ပွဲတခုဆီကို ပြန်လာနိုင်ကြောင်း ပြောသွားပါတယ်။
အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီဇင်ဘာ ၂၇ ရက်က ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ကစားသမားဘဝတလျှောက် သွင်းဂိုး ၉၅၆ ဂိုးအထိရှိလာခဲ့တာပါ။
ဆုပေးပွဲတခုမှာ အနာဂတ်နဲ့ ပတ်သက်လို့ မီဒီယာရဲ့မေးမြန်းချက်အပေါ် အနားယူဖို့ အစီအစဉ်မရှိသေးဘဲ ဘောလုံးဆက်ပြီးကစားချင်တဲ့ဆန္ဒ မြင့်မားနေဆဲဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောခဲ့တာပါ။
ဘောလုံးကစားရတာကို ပျော်ရွှင်နေဆဲဖြစ်ပြီး အရှေ့အလယ်ပိုင်းလိဂ်မှာပဲ ဖြစ်ဖြစ်၊ ဥရောပမှာပဲဖြစ်ဖြစ် ဘောလုံးဆက်ကစားချင်သေးကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
ဒဏ်ရာသာမရရှိဘူးဆိုရင် ကစားသမားဘဝတလျှောက်သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ကလည်း သေချာကြောင်း စီရော်နယ်ဒိုက ပြောသွားပါတယ်။
Photo: Reuters


