
၂၀၂၅ ခုနှစ်အတွင်းမှာ သွင်းဂိုး ၄၀ မြောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် စုစုပေါင်းသွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ နီးစပ်လာပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ်နာဆာက အယ်အက်ခ်ဒူကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး အခုနှစ်အတွင်းမှာ သွင်းဂိုး ၄၀ ပြည့်သွားခဲ့တာပါ။
ကစားသမားဘဝတလျှောက် သွင်းဂိုးအရေအတွက် ၉၅၆ ဂိုး ရှိလာတဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂိုး ၁,၀၀၀ ပြည့်ဖို့ ၄၄ ဂိုးပဲ လိုအပ်တော့တာပါ။
စီရော်နယ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အစီအစဉ်တက်ဆက်သူ ပီယာ့ မော်ဂန်ကတော့ သမိုင်းတလျှောက် အကောင်းဆုံးကစားသမား ဘယ်သူလဲ ဆိုတဲ့အပေါ် အမြင်တွေ ကွဲပြားနိုင်ပေမဲ့ ဘောလုံးပွဲတွေရဲ့ အခမ်းအနားဆုံးဖြစ်တဲ့ သွင်းဂိုးအများဆုံး ဘယ်သူလဲ ဆိုတဲ့အပိုင်းမှာတော့ စီရော်နယ်ဒိုက အငြင်းပွားဖွယ်မရှိ ဂိုးသွင်းအကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောသွားပါတယ်။


