Home
အားကစား
အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမည့် စီရော်နယ်ဒိုကို ပေါ်တူဂီအသင်း အိမ်ပြန်စေလွှတ်
DVB
·
November 15, 2025
Photo :Reuters

အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမယ့် စီရော်နယ်ဒိုကို ပေါ်တူဂီလက်ရွေးစင်အသင်းက အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ အိမ်ပြန် စေလွှတ်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ အိုင်ယာလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူကို တံတောင်နဲ့ ရိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသ ခံခဲ့ရသူပါ။

အဲဒီအနီကတ်ပြစ်ဒဏ်ကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ့် ရော်နယ်ဒိုဟာ အာမေးနီးယားနဲ့   နောက်ဆုံးပွဲစဉ်အပါအဝင် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာပါ လွဲချော်မှာပါ။

ပေါ်တူဂီအသင်းဟာ အာမေးနီးယားနဲ့ပွဲကို အနိုင်ရမယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အသင်းသားတွေနဲ့အတူ အောင်ပွဲခံမယ့်အစီအစဉ်ကိုလည်း စီရော်နယ်ဒိုက ပျက်ကွက်တော့မှာပါ။

ရော်နယ်ဒိုဟာ မိခင်ကလပ် အယ်လ်နာဆာအသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆော်ဒီနိုင်ငံဆီပ ပြန်သွားမှာဖြစ်ပြီး အဲဒီလို လုပ်ဆောင်ဖို့ အသင်းရဲ့ ခွင့်ပြုချက်လည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013