
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမားဘဝရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ စီရော်နယ်ဒိုက အတည်ပြုပြောပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားချိန်မှာ အသက် ၄၁ နှစ်အရွယ် ရှိမှာဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲဆိုတာ သေချာကြောင်း အတည်ပြုခဲ့တာပါ။
ကစားသမားဘဝကနေ အနားယူဖို့ကလည်း နောက်ထပ် ၁ နှစ် ၂ နှစ်လောက်သာ ကျန်ရှိတော့မယ်လို့လည်း စီရော်နယ်ဒိုက ပြောပါတယ်။
ပေါ်တူဂီအတွက် ၁၄၃ ဂိုးအထိသွင်းပြီး နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်တင်ထားတဲ့ စီရော်နယ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားက သူ့အတွက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ဖြစ်လာမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုဖလား မရရှိသေးတာကြောင့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက စီရော်နယ်ဒိုအတွက် ချန်ပီယံဆု ရယူဖို့ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
Photo:Reuters


