
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ပါဝင်ကစားချင်ပေမဲ့ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်သွားရဦးမယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောပါတယ်။
NBC News နဲ့ အင်တာဗျူးမှာ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ကစားမယ့် အလားအလာအပေါ် မက်ဆီက မှတ်ချက်ပေးခဲ့တာပါ။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၈ ကြိမ်ရရှိထားသူ မက်ဆီဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ အသက် ၃၉ နှစ်ပြည့်မှာပါ။
ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ကစားရတာက ထူးခြားတဲ့ ခံစားမှုရရှိစေပြီး လာမယ့် ကမ္ဘာ့ဖလားမှာ ဆက်လက်ပါဝင်ကစားဖို့ ဆန္ဒရှိကြောင်း မက်ဆီက ပြောပါတယ်။
ဒါပေမဲ့ ရာနူန်းပြည့်ကြံ့ခိုင်မှုရှိပြီး အသင်းကို ကူညီနိုင်မယ်လို့ယုံကြည်မှုရှိမှသာ ပါဝင်ကစားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်တာမိုင်ယာမီအသင်းနဲ့ လေ့ကျင့်မှုတွေအပေါ် အာရုံစိုက်ထားကြောင်း မက်ဆီက ပြောပါတယ်။
မက်ဆီပါဝင်ကစားမယ်ဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားက သူ့အတွက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်လာမှာဖြစ်ပြီး ၁၆ ဂိုးနဲ့ စံချိန်တင်ထားတဲ့ ကလိုဆေးရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအများ ဆုံးစံချိန်ကိုမီဖို့ ၃ ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။
Photo: Reuters


