Home
အားကစား
နိုင်ငံအသင်းအတွက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် မက်ဆီ စံချိန်သစ်တင်
DVB
·
October 17, 2025
Photo :Reuters

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပွာတိုရီကိုနဲ့ ခြေစမ်းပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအသင်းအတွက် ဂိုးဖန်တီးမှုအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက် စုစုပေါင်း ဂိုးဖန်တီးမှု အကြိမ် ၆၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဘရာဇီးနဲ့အတူ နေမာ စံချိန်တင်ထားတဲ့ ဂိုးဖန်တီးမှု ၅၉ ကြိမ် စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။

နိုင်ငံတကာ ဘောလုံးသမိုင်းရဲ့ ဂိုးဖန်တီးမှုအများဆုံး ထိပ်တန်းကစားသမားတွေထဲမှာ အမေရိကန် တိုက်စစ်ကစားသမား လန်ဒန်ဒိုနိုဗန်က ၅၈ ကြိမ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဒီဘရိုင်းက ၅၃ ကြိမ်နဲ့ အဆင့် ၅၊ သောမက်စ် မူလာက ၄၁ ကြိမ်နဲ့ အဆင့် ၈၊ ဆွာရက်ဇ်က ၃၉ ကြိမ်နဲ့ အဆင့် ၉၊ စီရော်နယ်ဒိုက ၃၇ ကြိမ်နဲ့ အဆင့် ၁၀ နေရာတွေမှာ ရပ်တည်နေပါတယ်။

နိုင်ငံအသင်းအပြင် ကလပ်အသင်းမှတ်တမ်းတွေပါ ထည့်တွက်ရင်တော့ ဟန်ဂေရီဂန္ထဝင် ပွတ်ကတ်စ်က ၄၀၄ ကြိမ်နဲ့ ဂိုးဖန်တီးမှု အများဆုံးအဖြစ် စံချိန်တင်ထားပြီး မက်ဆီက ဂိုးဖန်တီးမှု ၃၉၈ ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013