
အနီကတ်ပြစ်ဒဏ်တွေများလာတဲ့အပေါ် ကစားသမားတွေကို ချဲလ်ဆီးအသင်းရဲ့ နည်းပြမာရက်စ်ကာက အပြစ်တင်လိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဝုဗ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ တိုက်စစ်မှူး ဒလတ်ဖ် အနီကတ်ပြစ်ဒဏ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ချဲလ်ဆီးအသင်းရဲ့ ၉ ပွဲမှာ ကစားသမားတယောက် အနီကတ်ပြသခံရတဲ့ပွဲက ၆ ပွဲအထိရှိ လာတာဖြစ်ပါတယ်။
အလွန်မိုက်မဲတဲ့ အနီကတ်ပြစ်ဒဏ်တွေဖြစ်ပြီး အဲဒီလောက်အထိ လုံးဝမလိုအပ်တဲ့ ဖြစ်ရပ်တွေဖြစ်သလို ထိုက်တန်မှုလည်း မရှိကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
တိုက်စစ်မှူး ဒလတ်ဖ် ပထမအဝါပြသခံရပြီးချိန်မှာ တည်တည်ငြိမ်ငြိမ်ကစားဖို့အတွက် ၄၊ ၅ ခါထက်မနည်း သတိပေးခဲ့ပေမဲ့ အနီကတ်ကို မရှောင်နိုင်ခဲ့တဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
တိုက်စစ်မှူး ဒလတ်ဖ်ဟာ ဒဏ်ရာကနေပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဆုံးပွဲမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး အနီကတ်ပြစ်ဒဏ်ကြောင့် စပါးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
Photo: Reuters


