
ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ အငှားချထားတဲ့ တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ် ပြဿနာမရှိကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
ပရီးမီးယားလိဂ်မှာဆိုရင် အငှားချထားတဲ့ ကစားသမားတယောက်က မိခင်ကလပ်နဲ့ပွဲမှာ ကစားခွင့်မရှိပေမဲ့ ချန်ပီယံလိဂ်မှာတော့ ကစားခွင့်ရှိနေတာပါ။
နီကိုလပ်ဂျက်ဆင်နဲ့ ဆက်ဆံရေးမှာ ပြဿနာမရှိခဲ့ဘဲ အသင်းအတွက် သူစွမ်းဆောင်နိုင်ခဲ့တာတွေကို ကျေးဇူးတင်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
အီတလီလူမျိုးဖြစ်ပြီး စပိန်မှာလည်း ကစားဖူးတဲ့အတွက် အငှားချထားတဲ့ ကစားသမားကို မိခင်ကလပ်နဲ့ပွဲမှာ ကစားခွင့်ပေးတာက သာမန်ကိစ္စသာဖြစ်ပြီး ဂျက်ဆင်နဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်တွေ့ဆုံရမယ့်အပေါ် ပြဿနာမရှိကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
ဂျက်ဆင်ဟာ ရာသီအကုန်မှာ အပြီးသတ်ပြောင်းရွှေ့ခွင့်လည်း ပါဝင်နေပြီး ချဲလ်ဆီးကစားသမားဘ၀ ပြီးဆုံးသွားဖို့လည်း ရှိနေတာဖြစ်ပါတယ်။
Photo:Reuters