
မန်ယူတိုက်စစ်ကစားသမား ဂါနာချိုဟာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဂါနာချိုကို ရောင်းချဖို့ မန်ယူအသင်းက ဆုံးဖြတ်ထားပြီး ပြောင်းရွှေ့ကြေးပမာဏအဆင်ပြေရင် ထွက်ခွာ ခွင့်ပြုမှာပါ။
ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးမှုဟာလည်း အပေါင်းလက္ခဏာဆောင်ခဲ့ပြီး ပေါင်သန်း ၅၀ လောက် ရရှိရုံနဲ့ အပြီးသတ် ရောင်းချဖို့ မန်ယူအသင်းက ပြင်ဆင်ထားတာပါ။
အသက် ၂၁ နှစ်ရှိ အာဂျင်တီးနားကစားသမားဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၁၄၄ ပွဲကစားခဲ့ပြီး ၂၆ ဂိုးသွင်း၊ ၂၂ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သူဖြစ်ပါတယ်။
Photo:Reuters